ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁ ရက်ထဲမှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လူနာသစ်တွေ့ရှိတဲ့ အတည်ပြုလူနာ ၃ ဦးကတော့ ရေကြည်မြို့နယ်က ၂ ဦးနဲ့ ဘိုကလေးမြို့နယ်က ၁ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ပြီး CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတာ့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ ထိန်းချုပ်ထားမှုကြောင့် လူနာသစ်တွေ့ရှိမှုစာရင်း တွေကို စစ်ကောင်စီက ထုတ်ပြန်ခိုင်းသလောက်ပဲ ထုတ်ပြန်ပေးရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံပရဟိတအဖွဲ့တွေကတော့ ရောဂါတွေ့ရှိတဲ့အတည်ပြုလူနာတွေဟာ နေ့စဉ်ဆိုသလိုရှိနေပြီး ကာကွယ် ဆေးထိုးပြီးတာကြောင့် ရောဂါခံစားရတာ မပြင်းထန်လို့ အိမ်မှာကုနေတာကြောင့် အရင်ကလို လူစာရင်း အများကြီး မသိရတာလို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ဧရာဝတီတိုင်းမှာ ကိုဗစ်အတည်ပြုလူနာသစ် ၃ ဦးတွေ့ရှိခဲ့ပြီး အဲ့အတည်ပြုလူနာသစ် ၃ ဦးက သာပေါင်းမြို့နယ်က ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်ခဲ့ပါတယ်။