ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန် – ပုသိမ် ကားလမ်းပေါ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဆီဘောက်ဆာကားက ခရီးသည်တင်ကားကို ဝင်တိုက်မိလို့ စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဆီဘောက်ဆာကားဟာ ကွင်းကလေးကျေးရွာ ရန်ကုန်- ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၃၀) လောက်မှာ လမ်းဘေးရပ်ထားတဲ့ ခရီးသည်တင် ဒိုင်နာကားကို နောက်ကဝင်တိုက်မိခဲ့တာလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဆီဘောက်ဆာကားက ခရီးသည်တင်ကားကို နောက်ကနေ ဝင်တိုက်မိပြီး ယာဉ်မောင်းဖြစ်သူ ကားရှေ့ခန်းမှာ ညှပ်နေတာကြောင့် ဆားမလောက်နယ်မြေမီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့အတူ သွားရောက်ကယ်ဆယ် ခဲ့ရတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဆီဘောက်ဆာကား မောင်းနှင်သူ ၁ ဦးနဲ့ ခရီးသည်တင်ကားမှာလိုက်ပါလာတဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ ၈ ဦးကို လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး၊ မအူပင်ဆေးရုံ ကြီးနဲ့ ဆားမလောက်ဆေးရုံတို့ကို ပို့ဆောင်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#ညောင်တုန်း #ယာဥ်တိုက်မှု #ဆီဘောက်ဆာ
#Ayeyarwaddy_Times