ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

မြောက်ကိုရီးယားနိုင်ငံရဲ့ မကြာသေးမီက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို အမေရိကန်နိုင်ငံနဲ့အတူ ပြစ်တင် ရှုတ်ချခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချို ဆွန်ဟွေးက ဝေဖန်ခဲ့ပြီး “အမေရိကန်ရဲ့ရုပ်သေးရုပ်တစ်ခု” လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစောပိုင်းမှာ ကြေညာချက်တစ်ရပ် ထုတ် ပြန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချကာ ရန်စတဲ့အပြုအမူတွေ ချက်ချင်းရပ် တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ အခြားနိုင်ငံတွေကလည်း မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုဟာ အမေရိကရှိ မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိသည်ဟုဆိုကာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ရှုတ်ချပြီးနောက် ဂူတာရက်စ်က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အိမ်ဖြူတော် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမှုထမ်းတစ် ဉီးလို့ ကျွန်မ မကြာခဏဆိုသလို ထင်မိပါတယ်” လို့ ချိုဆွန်ဟွေးက ပြောပါတယ်။
ဂူတာရက်စ်ဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အ ရေးယူဖို့ အမေရိကန်၊ မဟာမိတ်တွေနဲ့ ပူးပေါင်းတာဟာ အမေရိကန်နိုင်ငံရဲ့ ရုပ်သေးရုပ်တစ်ခုဆိုတာ ရှင်းရှင်း လင်းလင်း သက်သေပြနေပါတယ်လို့ သူက ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီနေ့မနက်ပိုင်းမှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နျူကလီးယားစစ်ပွဲ အစမ်းလေ့ကျင်မှုတွေကိုကာကွယ်ဖို့ ကိုယ့်ကိုကိုယ် ကာကွယ်ခွင့်အရ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့တာလို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ချိုဆွန်ဟွေးက ပြောပါတယ်။

ကိုးကား – The Asahi Shimbun
Ref; North Korea calls U.N.’s Guterres ‘puppet of US’ after launch