ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ထိန်း သိမ်းခံရသူတွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန်းဟေဇာက ထပ်လောင်းပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ နိုလန်းဟေဇာက တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ သြစတေးလျ စီးပွားရေးပညာရှင် ရှောင် တာနယ်လ်ကို လွှတ်ပေးဖို့ သြဂုတ်လအတွင်း နေပြည်တော်သို့ သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်း နိုလန်းဟေဇာက တောင်းဆိုခဲ့ဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလ သမဂ္ဂ အထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုမှုကိုလည်း သူက ချီးကျူးလိုက်ပါတယ်။
ဒါ့အပြင် မတရားထိန်းသိမ်းမှု၊ နိုင်ငံရေးအရ စွဲချက်တင်မှု၊ အတိုက်အခံတွေကို ပြစ်ဒဏ်ချမှတ်ခြင်း၊ ကြိုး ပေးကွက်မျက်ခြင်းတွေကိုလည်း သူက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။
နိုလန်းဟေဇာဟာ သြဂုတ်လအတွင်း နေပြည်တော်သို့သွားရောက်ကာ အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်နဲ့ ဆွေးနွေးခဲ့ပေမယ့် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ကိုးကား – reliefweb.int
Ref; UN Special Envoy Heyzer calls for release of all children and political prisoners in Myanmar