ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ဧရာ၀တီတိုင်း၊ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ၉တန်း ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက နို၀င်ဘာလ ၁၇ ရက်နေ့ညက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အဲ့ကလေးက CDMကျောင်းသားခုစစ်ကောင်စီကဖွင့်တဲ့ကျောင်းကိုမတက်ဘူး။
သူတို့ကတော့ NUGက ဖွင့်တဲ့ကျောင်းတက်တဲ့စာရင်းထဲပါလို့ ဖမ်းတာလို့တော့ ပြောတာပဲ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ငရုတ်ကောင်းမြို့၊
မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဖရယ်ချောင်းကျေးရွာမှာနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီက အင်အားအများပြားနဲ့၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆိီးသွားတဲ့ ကလေးငယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်တဲ့ ကျောင်ကိုတက်ရောက်တယ်လို့ စွပ်စွဲထားပြီး စစ်ကောင်စီက မည်သည့်နေရာကိုဖမ်းခေါ်သွားတာမသိတဲ့အတွက် ယနေ့အထိအဆက်သွယ်မရတာကြောင့် မိဘတွေကစိုးရိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့တို့က အခြေခံပညာကျောင်းသားရေးရာအဖွဲ့ဝင် ၉ တန်းနှင့် ၁၀ တန်းအရွယ်ကျောင်းသား ၁၄ ဦးကို စစ်ကောင်စီတပ်နှင့် ရဲများက တယ်လီဂရမ်ကတစ်ဆင့်ဆက်သွယ်ပြီးလိုက်လံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
#ငရုတ်ကောင်း #စစ်ကောင်စီ #NUG #၉တန်းကျောင်းသား
#Ayeyarwaddy_Times