ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာ သိမ်းစစ်ကောင်စီက ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ဒုဝန်ကြီးကို စည်သူဘွဲ့နဲ့ သီရိပျံချီဘွဲ့တွေပေးအပ်တယ်လို့ နိုဝင်ဘာလ ၁၉ ရက်စွဲနဲ့ ထုတ်ပြန် ပါတယ်။

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E Army General Sergey Kuzhugetovich Shoigu ကို စည်သူဘွဲ့ပေး အပ်ခဲ့ဖြစ်ပြီး ကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander Vasilyevich Fomin ကို သီရိပျံချီဘွဲ့ပေး တာဖြစ်ကာ အဲ့ဒီ ရုရှားစစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာစွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့ ပေးအပ် တာလို့ စစ်ကောင်စီကဖော်ပြပါတယ်။

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစတင်လို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံကို ကျူး ကျော်စစ်စတင်တိုက်ခိုက်ခဲ့လို့ ယူကရိန်းအရပ်သားတွေအများအပြားသေဆုံးနေရပြီး နေရပ်စွန့်ခွာထွက်ပြေး နေရလို့ ကမ္ဘာ့နိုင်ငံတွေက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားစစ်တပ်တာဝန်ရှိသူတွေကို ကျူးကျော် အကြမ်း ဖက်သူတွေအဖြစ် ရှုမြင်နေကြတာပါ။

စစ်ခေါင်းဆောင်ဟာ ၎င်းရဲ့လက်အောက်စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီခန့်ပြည် ထောင်စုဝန်ကြီးတွေနဲ့တိုင်း၊ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရာမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ တယ်ဆိုပြီး ဘွဲ့တံဆိပ်တွေအချင်းချင်းလှည့်ပတ်ပေးနေတာပါ။

ဒါ့အပြင် Myanmar-Japan Association ဥက္ကဌ မစ္စတာ ဝါတာနာဘေးကိုလည်း သီရိပျံချီဘွဲ့ပေးအပ်ခဲ့ပါသေး တယ်။

ဓာတ်ပုံ ပုံ ၁ – ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်။
ပုံ ၂ – ရုရှားကာကွယ်ရေးဒုဝန်ကြီး နေပြည်တော် စစ်ကောင်စီစစ်ရေးပြပွဲကိုတက်ရောက်စဥ်။
#ရုရှား #စစ်ဗိုလ်ချုပ် #စစ်ခေါင်းဆောင် #ဘွဲ့ပေး #Ayeyarwaddy_Times