ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ခရီးသည်တင်Express ယာဉ်နဲ့ ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေ စိုက်လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

စစ်ကိုင်းမြို့ ကျော်ထက်မီးပွိုင့်မှာယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၇ နှစ်ဝန်း ကျင် ကလေးငယ်နဲ့မိခင်ဖြစ်သူတို့သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

”ဘယ်လိုမျိုးတိုက်တယ်တော့ဖြစ်စဉ်ကိုသေချာမသိဘူး ။ ဆိုင်ကယ်ကတော့ ၃ ယောက်စီးတာ၊ အမျိုးသမီး ၂ ယောက်နဲ့ ကလေးနဲ့ပေါ့။အမျိုးသမီး ၂ယောက်ကညီအမ တွေ။ ကလေးနဲ့ကလေးအမေက မအိအိချောတဲ့ သားအမိ နှစ်ယောက်က ပွဲချင်းပီးဆုံးတယ်။ ကလေးက ၆ နှစ် ၇ နှစ်လောက်ဘဲရှိဦးမယ်။ ကလေး အဒေါ်ဖြစ်သူကဒဏ်ရာရတယ်” လို့ ဒေသအခြေစိုက်လူမှု ကူညီရေးအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ကားဟာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိပြီး ယာဉ်ပေါ်ပါတဲ့ ခရီးသည် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သုခကာရီလူမှုကူညီရေးအသင်း။
#စစ်ကိုင်း #ယာဥ်တိုက်မှု #လူသေဆုံး #Ayeyarwaddy_Times