ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ နိုဝင်ဘာလ ၂၀ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် မြို့နယ် ၄ ခုမှ PDF တပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သော မဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း CDF- Kanpetlet ထံမှ သိရသည်။
အဆိုပါမဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းဆင်းပွဲကို CDF-Kanpetlet၊ တပ်ရင်း-၂ Vakok တပ်ရင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတူပီ၊ ဆော၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်တို့မှ PDF သင်တန်းသားစုစုပေါင်း ၅၈ ဦးတက်ရောက်သင်ကြားပေးခဲ့ကြောင်း CDF- Kanpetletမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“၄ မြို့နယ်မဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီသင်တန်းက အင်မတန်အကျိုးရှိပါတယ်။ CDF/PDFတွေအနေနဲ့ မြေပြင်မှာ လက်တွေ့ အသုံးချမှာပါ။ သင်တန်းသားစုစုပေါင်း ၅၈ ဦးတက်ရောက်ပြီး သင်တန်းဆင်းပွဲကို CDF-Kanpetlet၊ တပ်ရင်း-၂ Vakokတပ်ရင်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်”လို့ သင်တန်းတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မဟာမိတ်စစ်ရေးလုပ်ကျင့်မှုသင်တန်းကို အောက်တိုဘာ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးမြေပုံထောက်နည်း၊ မိုင်းဆင်နည်း၊ မိုင်းထောင်နည်းနှင့် ရိုးရာလက်ဝှေ့တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်းသင်တန်းသားတစ်ချို့ထံမှ သိရသည်။
#ကန်ပက်လက် #CDF #PDF #ပူးပေါင်း #မဟာမိတ် #စစ်ရေးလေ့ကျင့် #AyeyarwaddyTimes