ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်

အမေရိကန်ဒုတိယသမ္မတ ကာမာလာဟားရစ်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ ဆုံခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုကို ချီးကျူးလိုက်ပါတယ်။

ကာမာလာဟားရစ်နဲ့ ပရာယွတ်တို့က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်၊ ကုလသမဂ္ဂ ပဋိညာဉ် ချိုးဖောက် မှု အပါအဝင် ကမ္ဘာ့ရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ကာမာလာဟားရစ်က မြန်မာ့ပဋိပက္ခ အခြေအနေဆိုးရွားလာတာကို ပြောကြားခဲ့ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံ တကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုကို ထောက်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကာ မာလာဟားရစ်က ရှုတ်ချခဲ့ပြီး ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှုအကူအညီ ရက်ရောမှုအစဉ်အလာကို ထုတ်ဖော် ပြောခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ဒုတိယသမ္မတ ကာမာလာဟား ရစ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

မဲခေါင်ဒေသခွဲမှာ ထိုင်းနိုင်ငံရဲ့ဉီးဆောင်မှုကိုလည်း သူက ကြိုဆိုခဲ့ပြီး မဲခေါင်တိုင်းပြည်တွေနဲ့ ပူးပေါင်း ကာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အမေရိကန်နိုင်ငံ ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ကိုးကား – whitehouse.gov
Ref; Readout of Vice President Harris’s Meeting with Prime Minister Prayut of Thailand