ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(မြောင်းမြ)၊ နိုဝင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ မြောင်းမြ MM UG အဖွဲ့နှင့် ရန်ကုန်စစ်ဆင်ရေးများ ဆောင်ရွက်နေသည့် MM PDF အဖွဲ့တို့ပူပေါင်းကာ မြောင်းမြမြို့တွင် အဓိကလှုပ်ရှားနေသော မြောင်းမြPDF UG အဖွဲ့နှင့် ရန်ကုန်မြို့တွင်စစ်ဆင်ရေးများဆောင်ရွက်နေသော MM PDF အဖွဲ့တို့ အောက်တိုဘာလ ၅ ရက်နေ့က ရက်နေ့ကပူပေါင်းလိုက်ကြောင်း MM PDF အဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်တွေလုံခြုံရေးတင်းကြပ်ထားသည့် မြောင်းမြမြိုတွင် ဗုံ ၃ လုံးအထိ အောင်မြင်အောင်ဖောက်ခွဲနိုင်ခဲ့သည့် MM PDF UG အဖွဲ့နှင့် ရန်ကုန်မြို့တွင် ဖောက်ခွဲမှုများနှင့် စစ်ကောင်စီတပ်သား အချို့ကိုရှင်းလင်းနိုင်ခဲ့သော MM PDF အဖွဲ့တို့ပူပေါင်းကာ MMPSS (Myaung Mya People Science Slay )အမည်ဖြင့်ပူးပေါင်းအဖွဲ့ပြန်လည်းဖွဲ့စည်းခဲ့ကြောင်း MMPSS အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
” အခုကကျွန်တော်တို့အသိုက်ပျက်နေတဲ့ UG တွေကိုစုတယ်ပြီတော့ KNDP တို့ ကေလး PDF တို့တွေဆီပို့ပေးတာမျိုးလည်းရှိတယ် အရင်က မြောင်းမြမှာလှုပ်ရှားနေတဲ့ UG အဖွဲ့ရယ် ရန်ကုန်မှာ လှုပ်ရှားနေတဲ့ မြောင်မြ UGMMPDF တွေရယ်ကိုပြန်စုပြီ MMPSS အမည်နဲ့ ပြန်ဖွဲ့စည်းပြီး တော်လှန်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်မှာပါ”ဟု ပြောသည်။
ရန်ကုန် MMPDF အဖွဲ့အနေနဲ့ ရန်ကုန်မြေနီကုန်စမ်းချောင်တွင် အခြားမဟာမိတ်များနှင့် ပူပေါင်းပြီး စစ်ဆင်းရေးတစ်ကြိမ်နှင့် မြောက်ဥက္ကလာမီးပွိုင့်တွင် စစ်ကောင်စီတပ်ကားထဲကို ဗုံးပစ်ထည့်ခြင်းနှင့် အခြားစစ်ဆင်းများကိုဆောင်ရွက်နိုင်ခဲ့ပြီ မြောင်းမြအခြေစိုက် MMPDF အနေနှင့် မြောင်းမြမြို့ရှိ စစ်ကောင်စီတပ်နေရာများတွင် ဗုံ ၃ လုံးအထိ အောင်မြင်အောင်ဖောက်ခွဲနိုင်ခဲ့ကြောင်း MMPSS အဖွဲ့၏ လှုပ်ရှားမှုမှတ်တမ်းများအရသိရသည်။