ဧရာဝတီတိုင်းမ်
(ခရမ်း)၊ နိုဝင်ဘာလ ၁၉ ရက်
ရန်ကုန်တိုင်း၊တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းက ကျေးရွာများအထိ ဆိုင်ကယ်စီးနင်းခွင့်ပိတ်သိမ်းကြောင်း မြို့နယ်စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်စွဲဖြင့်ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ခရမ်းမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းခွင့်စတင်ပိတ်သိမ်းခဲ့ပြီး ယမန်နေ့က ရိုးကြီးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ပစ်သတ်ခံရပြီးနောက် မြို့နယ်တခုလုံးအတွင်းရှိ ကျေးရွာအုပ်စု ၅၃ ခုကိုပါ စီးနင်းခွင့်ထပ်မံပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ လာမည့် နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ စီးနင်းခွင့်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ခရမ်းမြို့နယ်စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်စာအရ ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီဝန်ထမ်းများပစ်ခတ်တိုက်ခိုက်ခံရမှု ၂၅ ကြိမ်ရှိခဲ့ပြီး ၂၁ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
#ခရမ်း #စစ်ကောင်စီ #ဆိုင်ကယ်စီးခွင့် #ပိတ်သိမ်း #AyeyarwaddyTimes