ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီစစ်ကြောင်း ယမန်နေ့နိုဝင်ဘာလ ၁၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အင်းတော်နှင့်နဘားအကြား တွင်ယမန်နေ့ တစ်ရက်လုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း
စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါ အဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း အင်းတော်ဒေသတွင်းတော်လှန်ရေးသတင်းများထုတ်ပြန်ပေးနေသည့် IR အဖွဲ့ တာဝန်ရှိသူမှပြောသည်။

“မနေ့ကတိုက်ပွဲက တစ်ရက်လုံးနီးပါးကြာတယ်။ တပ်ရင်းမှူးရယ်၊ နှစ်ပွင့်နဲ့ဗိုလ်ရောအပါ တခြားရာထူး ရှိတဲ့သူတွေပါ အားလုံး ၂၀ ကျော်သေတယ်။ သေတဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ်က။ သူကအရင်က မပခတိုင်းမှာနေတယ်။ ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုတပ်ရင်းမှူးကိုင်တယ်၊ နောက် ကျ မင်းအောင်လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံ တော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာ”ဟု IR မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲတွင်သေဆုံးသွားသည့် တပ်ရင်းမှူးမှာ ဟိုပင်မြို့ နယ်၊ တကွင်းရွာမှ ထိန်လင်းစံဆိုသူဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အနီးကပ်ကိုယ်ရံတော်လုပ်ခဲ့ဖူးသူဖြစ်ကြောင်း ၎င်း၏အလောင်းအား ယမန်နေ့ညနေပိုင်းက ရဟတ်ယာဥ်ဖြင့် မြစ်ကြီးနားသို့ သယ် ဆောင်သွားကြောင်း ၄င်းကဆိုသည်။

အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို အင်းတော် PDF၊ KIA ပူးပေါင်းတပ် ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ပွဲအတွင်း KIA မှ ရဲဘော်တစ်ဦး ကျဆုံးမှုရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီဘက်မှ အထိနာအကျအဆုံးများသဖြင့် အင်းတော်မြို့ အရှေ့မြောက်ဘက်ရှိ ၎င်းတို့တပ်စွဲထားသည့် နေရာအနီးတစ်ဝိုက်ကို လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

#အင်းတော် #တိုက်ပွဲသတင်း #AyeyarwaddyTimes