ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ နိုဝင်ဘာလ ၁၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့ နယ်အတွင်း ယနေ့ နိုဝင်ဘာလ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်မှ ကင်းထောက်လေယာဥ် ၁ စီးစက်ချို့ယွင်းပျက်ကျခဲ့ကြောင်းသိရပါသည်။

မြိတ်လေတပ် မှ ထားဝယ်ဖက်သို့ ထွက်လာသည့် စစ်ကောင်စီ လေယာဥ် (၇) စီးအနက် PT 6 (2517) လေ့ကျင့်ရေး စစ်လေယာဥ် ၁ စီး စက်ချို့ယွင်းကာ ကျွဲစပ်ရွာနှင့်ဆင်ကျန်းကျေးရွာအကြား လယ်ကွင်းထဲကို ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။

“အားလုံး ၇ စီးတက်လာပါတယ်။ထားဝယ်၊သရက် ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့တွေကိုခွဲပြီး ပျံဝဲပြီးတက်သွားပါတယ်။ မြိတ်ဖက်ကိုပျံတဲ့လေယာဥ် ၂ စီးမှာ ၁ စီး ပျက်ကျသွားခဲ့တာ” ဟု ကျွဲစပ်ရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ လေယာဥ်များသည် ထားဝယ်ခရိုင်အတွင်းရှိ PDF စခန်းများတည်ရှိသောနေရာများကို ကင်း ထောက်မှုများ လုပ်ဆောင်နေသည့်လေယာဥ်များဖြစ်ကာ လေယာဥ်ပေါ်တွင်စစ်ကောင်စီတပ်သား ၂ ဦး လိုက်ပါလာပြီး ပျက်ကျမှုအတွင်းလူထိခိုက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်းစစ်ကောင် စီကနေ စစ်လေယာဥ်အများအပြားအသုံးပြု ၍ကင်း ထောက်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ – ကျွဲစပ်ရွာအနီးလယ်ကွင်းအတွင်းပျက်ကျခဲ့သည့် စစ်လေယာဥ်။