ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

အမေရိကန် တာဝန်ရှိသူတွေ၊ နိုင်ငံတကာသံတမန်တွေနဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ဆက်သွယ်နိုင်ဖို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က ဝါရှင်တန်မြို့တော်မှာ ပထမဆုံးရုံးခန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါ တယ်။

အဲဒီရုံးခွဲက NUG နဲ့ အခြားသူတွေကြား ဆက်ဆံမှု တိုးမြှင့်နိုင်ဖို့ ရည်ရွယ်တယ်လို့ NUG နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“အမေရိကန် တာဝန်ရှိသူတွေအပြင် အမေရိကနေ မြန်မာအသိုင်းအဝိုင်းနဲ့ အနီးကပ် ထိထိရောက်ရောက် လက်တွဲလုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ ရည်ရွယ်ပြီး ရည်ရွယ်ချက်ကတော့ သံတမန်ရေးမှာ ထိရောက်သွာ ဆောင်ရွက် ဖို့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

သြစတေးလျနဲ့ တောင်ကိုရီးယားအပါအဝင် အခြားတိုင်းပြည်တွေမှာ NUG ကိုယ်စားလှယ်ရုံးတွေ ဖွင့် လှစ်ပြီးပြီလို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်မှာ NUG ရုံးခွဲ ဖွင့်လှစ်တာဟာ ကြီးမားတဲ့ သဘောတူညီမှုတစ်ခု ဖြစ်ပေမယ့် အဲဒီရုံးက တရားဝင်အဆင့်အတန်းမဟုတ်ဖူးလို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့မှ အကြီးတန်း အကြံပေး ပရက်စီလာကလပ်က ပြောပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) က NUG လိုမျိုး ဝါရှင်တန်မြို့ တော်မှာ ရုံးခွဲဖွင့်လှစ်ခွင့် မရခဲ့ဘူးလို့ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှာ သံရုံးအ ကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သူ ပရက်စီလာက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် တာဝန်ရှိသူ ဟောင်းတွေရဲ့ မကြာသေးမီက အစီရင်ခံစာတစ်ခုအရ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ ထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ပြီလို့ ဆိုပါတယ်။

ကိုးကား – VOA
Ref; Myanmar Shadow Civilian Government Opens Office in Washington