ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ် ဆိုခွန်က နဂိုအခြေအနေပြန်လည်ရောက်ရှိဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရာမှာ ကူညီဖို့ လာ မယ့်သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်ဖို့ စီစဉ်နေပါတယ်။

နိုဝင်ဘာလ ၁၈ ရက်ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်အတွင်း ပရတ်ခ်ဆိုခွန်က စစ်ကောင်စီရဲ့ အကျဉ်း သားတွေ လွှတ်ပေးတာကို ကြိုဆိုခဲ့ပါတယ်။

စစ်ကောင်စီက အကျဉ်းသားတွေကို လွှတ်ပေးတာဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်နဲ့အညီ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေတစ်ခု ရှာဖွေနိုင်ဖို့ လမ်းဖွင့်ပေးတဲ့ စိတ်စေတနာကောင်း တစ်ခုအဖြစ် သတ်မှတ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် လွှတ်ပေးတာဟာ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်း တွေအားလုံးကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ် စတင်ဖို့ အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီး မယ့် လမ်းကြောင်းမှန်မှာ အရေးပါတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ယူဆပါတယ်” လို့ ထုတ် ပြန်ချက်က ပြောပါတယ်။

“စစ်ကောင်စီက အကျဉ်းသားတွေကို လွှတ်ပေးတာဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ အာဆီယံဘုံသဘော တူညီချက်ရဲ့ မျှော်မှန်းချက်နဲ့အညီ အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက် ဆိုပါ တယ်။

အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှု အဆင်ပြေချောမွေ့ရေးနဲ့ ဘက် စုံပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ ဘုံသဘောတူညီချက်ပါ ဉီးစား ပေးအချက်သုံးချက် အောင်မြင်မယ်လို့ မျှော်လင့်တယ်လို့ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ကိုးကား – The Phnom Penh Post
Ref; Sokhonn announces plans for third visit to Myanmar as special envoy