ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

ဘန်ကောက်မြို့တော်မှာ ကျင်းပနေတဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတစ်ခုကို လူစု ခွဲဖို့ ယနေ့ ထိုင်းရဲတပ်ဖွဲ့က ရော်ဘာကျည်တွေ ပစ်ခတ်ခဲ့ရတယ်လို့ အခမ်းအနားလုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ရဲအ ရာရှိတစ်ဉီးက ပြောကြားပါတယ်။

ဆန္ဒပြသူ ၃၅၀ လောက်က စုဝေးကာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့တယ်လို့ အာရှ-ပစိဖိတ် စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးအတွက် ခေါင်းဆောင်တွေ တွေ့ဆုံလျက်ရှိရာနေရာမှ ခြောက်မိုင်အ ကွာမှ ရဲအရာရှိ အက်ရှ်ယန်ကရတ်သွန်က ပြောပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ ဆန္ဒပြသူတွေက ရဲကားတစ်စင်းကို တွန်းမှောက်ဖို့ကြိုးပမ်း ကာ ရဲတပ်ဖွဲ့ဝင်တွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်နေပြီး အကြမ်းဖက်နှိမ်နင်းရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ ရဲတပ် ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဒိုင်းတွေနဲ့တွန်းထုတ်ကာ တုတ်တွေနဲ့ ရိုက်နှက်နေပုံကို ပြသနေပါတယ်။

လူတွေက အေပက်ထိပ်သီးဆွေးနွေးပွဲနဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ဆန္ဒပြနေတာလို့ ဆန္ဒ ပြပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ် တက်ကြွလှုပ်ရှားသူ ပတ်ဆာဆာဗာလီက ပြောပါတယ်။

“ထိုင်းရဲတပ်ဖွဲ့က လိုအပ်တာထက် ပိုတုံ့ပြန်ခဲ့ပါတယ်။ ထိုင်းရဲတွေက ကျွန်တော်တို့ကို ရော်ဘာကျည် တွေနဲ့ပစ်ခတ်ပြီး အကြိမ်များစွာ ရပ်တန့်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁၀ ဉီးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ဆန္ဒပြသူတွေက ဉပဒေချိုးဖောက်ကာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဉီး ဒဏ်ရာရရှိခဲ့ပါတယ်” လို့ အက်ရှ်ယန်က ပြောပါတယ်။

ကိုးကား – Reuters
Ref; Thai police use rubber bullets to disperse protest over APEC summit