ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်

ကရင်အမျိုးသားအစည်းအရုံး – KNU၏ တပ်မဟာ(၃)နယ်မြေက စခန်းသိမ်းတိုက်ပွဲအပြီး နိုဝင်ဘာလ ၁၅ရက်နံနက်၉နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်များ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာကျုံပျော်မြို့က PDF အဖွဲ့ဝင်စသက်ဝေကျဆုံးသွားတယ်လို့kyonpyaw Special Talk Forceက သတင်းထုတ်ပြန်ထားပါတယ်။

” စစ်ကောင်စီရဲ့ တောင်ကုန်းပေါ်ကစခန်းကိုသိမ်းပြီးနယ်မြေရှင်းလင်းပြီးပြန်ဆုတ်ချိန်မှာ စစ်ကောင်စီတပ်က ပစ်တဲ့ ၈၁ မမ လက်နက်ကြီးထိပြီး ကျတာလို့ သိရတယ်။ သူက ကျုံပျော်သားပါ။ စသက်ဝေဆိုမြို့ကလူတိုင်းသိကြတယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကျဆုံး PDF ရဲဘော်မှာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် နေထိုင်တဲ့ စသက်ဝေဆိုသူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲများမှာ တက်ကြွစွာပါ၀င်ခဲ့သူပြီး ကျုံပျော်မြို့နယ်သပိတ်ကော်မတီမှာပါ၀င်ခဲ့သူလို့ သိရပါတယ်

ဒါ့အပြင် ကျုံပျော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့kyonpyaw Special TalkForceရဲ့အဖွဲ့၀င်တစ်ဦးဖြစ်ပြီးမြို့ပြစစ်ဆင်ရေးများစွာကိုလုပ်ခဲ့ပြီးKNUတပ်မဟာ(၃)နယ်မြေ တပ်ရင်း(၈) လက်အောက်မှာ တာ၀န်ထမ်းဆောင်နေစဥ် ခုလိုကျဆုံးခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ စာရင်းများအရ ကရင်ပြည်နယ်တိုက်ပွဲများအတွင်း ကျဆုံးသွားသည့် ဧရာဝတီတိုင်းသား PDF အဖွဲ့ဝင် ၁၀ ဦးထက်မနည်းရှ်ိပြီလို့ သိရပါတယ်။

#ကျုံပျော် #PDF #KNU #ကျဆုံး
#Ayeyarwaddy_Times