ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ နိုဝင်ဘာလ ၁၄ ရက်ညက
သေနတ် ၅ ချက်နဲ့ပစ်သတ်ခံရတဲ့ ယာဥ်ထိန်းရဲ စန်းမောင်အောင် ၏ မယားငယ်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ယာဥ်ထိန်းရဲ စန်းမောင်ရဲ့ မယားငယ် မယမုံနာဆိုသူဖြစ်ပြီး ယာဥ်ထိန်းရဲစန်းမောင်နဲ့အတူ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ချမ်းမြေ့ဆေးခန်းလမ်း နေအိမ်မှာအတူနေထိုင်ကာ အဲဒီ နေအိမ်မှာပဲ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

“စစ်ဆေးစရာရှိတယ််ဆိုပြီး စစ်တပ်တွေက လက်ထိပ်ခတ်ဖမ်းဆီးသွားတာပါ။ သူ့ကိုသိပ်မသင်္ကာဘူးလို့ မြို့ပေါ်မှာ သတင်းတွေထွက်နေတယ်။ သူသတင်းပေးလို့ ယာဥ်ထိန်းရဲစန်းမောင် အသတ်ခံရတယ်လို့ ပြောကြတယ်။ မြို့ထဲလည်း အဲဒီက်ိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံရတာတွေလည်းရှိတယ်” လို့ ကော့သောင်းမြို့ခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

ယာဥ်ထိန်းရဲ တပ်ကြပ်ကြီး စန်းမောင် သေနတ် ၅ ချက်နဲ့ပစ်သတ်ရပြီးနောက် လက်ရှ်ိအချိန်ထိ ပိတောက်ရွှေဝါရပ်ကွက်၊ ချမ်းမြေ့ဆေးခန်းလမ်း ၎င်းတို့ရဲ့ နေအိမ်နဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ချထားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့ပြင် ယာဥ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းမြို့ပေါ်မှာ ဖမ်းဆီးခံရသူ အများအပြားရှိသလို စစ်မေးမြန်းပြီး ပြန်လွှတ်သူအချို့လည်းရှိတယ် လို့ ကော့သောင်းမြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။

#ကော့သောင်း #ယာဥ်ထိန်ရဲ #မယားငယ်
#AyeyarwaddyTimes