ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

စစ်ကိုင်းတ်ိုင်း၊ ပုလဲမြို့နယ် ကျေးရွာအချ်ို့က ဒေသ ခံတွေ စားဝတ်နေရေးအတွက် မုံလာဥနှင့် အခြားသီးနှံတွေကို စိုက်ပျိုး စားသောက်နေရတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဘယ်အဖွဲ့အစည်းကမှ ကူညီတာမျိုးမရှိတာကြောင့် စားဝတ်နေရေးအတွက် အစဥ်ပြေသလို သီးနှံတွေကို စိုက်ပျိုးစားသောက်နေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အိမ်မီးရှို့ခံလိုက်ရတော့ ရူးတောင်ရူးချင်တာ ဘာလိုလဲဆိုတော့ ဘာတစ်ခုမှမရလိုက်ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲရှိပါတယ်။ စစ်တပ်ကဘယ်အချိန်ထိ ယုတ်မာနေမလဲ မသိပါဘူး။
ခုလဲ ကြုံရာ ရှိတဲ့သီးနှံအပင်လေးတွေကို စိုက်ပျိုးပီး စားနေကြရတယ်။ ဘာမှ မတောင်းဆိုချင်တော့ပါဘူး စစ်အာဏာရှင်ကျဆုံးပြီး တော်လှန်ရေး အောင်ဖို့ပဲ မျှော်လင့်ပါတယ် ဒါမှ ကျွန်မတို့ ပြည်သူတွေ မြန်မြန်အဆင်ပြေမှာ” လို့ မီးဘေးသင့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပုလဲမြို့နယ်အတွင်း ဒေသခံအများအပြားဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းအကြိမ်ကြိမ်ခံခဲ့ရသလို လက်ရှိမှာ မီးလောင်ကုန်း နေရာအချို့မှာ အများစု စိုက်ပျိုးပြီး ကိုယ်ထူကိုယ်ထကြိုးစားရုန်းကန် စားသောက်နေရတယ် လို့ ဒေသခံတွေက​ပြောတယ်။
#Ayeyarwaddy_Times