
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ ၃၇၅ သန်းကျော်နဲ့ ရုရှားနိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဒဏ်ခတ်အရေးယူတယ်လို့ ကနေဒါနိုင်ငံက နိုဝင်ဘာလ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ကနေဒါနိုင်ငံရဲ့ စစ်ရေးအကူအညီနဲ့ ဒဏ်ခတ်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက ရုပ်ရှင်သရုပ် ဆောင် ဂျင်ကာရေးနဲ့ မာဂရက်အဒ်ဝုဒ် အပါအဝင် ကနေဒါနိုင်ငံသား ၁၀၀ ကျော်ကို နာမည်ပျက်စာရင်းသွင်းလိုက် ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေစဉ် ယူကရိန်းသို့ စစ်ရေးအကူအညီပေးတာနဲ့ ဒဏ်ခတ်အရေးယူတာတွေကို ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ကြေညာခဲ့ တာဖြစ်ပါတယ်။
စစ်လက်နက်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ လောင်စာဆီနဲ့ အခြားကိရိယာတွေ အပါအဝင် ကနေဒါနိုင် ငံရဲ့ ယူကရိန်းသို့ စစ်ရေးအကူအညီပေးအပ်မှုက ဒေါ်လာ သန်း ၇၅၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်နေတဲ့ ယူကရိန်းသို့ လူသားချင်းစာနာမှုအကူအညီ အပါ အဝင် ကနေဒါနိုင်ငံက အကူအညီ ဒေါ်လာ ၂ ဒသမ ဘီလီယံ ပေးအပ်မယ်လို့ ကတိပြုထားတာပါ။
“အကူအညီအတွက် ကျေးဇူးတင်ရှိပါတယ်။ ယူကရိန်းနဲ့ ကနေဒါက စစ်မှန်တဲ့ မဟာမိတ်တွေဖြစ်ပြီး တူ ညီတဲ့ရည်မှန်းချက်တွေရှိတာ ဒီအကူအညီက သက်သေပြနေပါတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တွစ် တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံက ရုရှားရဲအရာရှိတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ အကျဉ်းထောင်တာဝန်ရှိသူ ၂၃ ဉီးကို အတိုက်အခံခေါင်းဆောင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒဏ်ခတ်အရေးယူတယ်လို့ ထရူဒေါက ပြောပါတယ်။
ကိုးကား – UPI
Ref; Canada announces military aid to Ukraine, Russian sanctions; Kremlin retaliates