
ဧရာဝတီတိုင်းမ်
(ရေး)၊ နိုဝင်ဘာလ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၆ တပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YEဘီလူးအဖွဲ့ထံမှ သိရသည်။
အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၁၉)လက်အောက်ခံ ခမရ ၅၈၆တပ်အား YE ဘီလူးအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပ်အတွင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“သူတို့ဘက်ကအင်အားနည်းနေတာ။ ပြန်တောင်မပစ်နိုင်ဘူး။ ကျွန်တော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေသေချာမသိရပေမဲ့ ၄ယောက်ကဒဏ်ရာပြင်းထန်တယ်လို့ သတင်းရပါတယ်” ဟု YEဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေးမြို့အခြေစိုက် စကခ ၁၉ နှင့် လက်အောက်ခံတပ်ရင်းများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက် နေရခြင်းကြောင့် ၄င်း လက်အောက်ခံတပ် ရင်းများတွင် စစ်အင်အားနည်းပါးနေခြင်းဖြစ်ကြောင်း အဆိုပါတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
YEဘီလူးအဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်ကလည်း ရေးမြို့နယ်ရှိစစ်ကောင်စီဂိတ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ပြီး မိုင်တဲတာဝါတိုင်တစ်တိုင်အား ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။
ဓာတ်ပုံ – YE ဘီလူးအဖွဲ့ဝင်အချို့အား မြင်တွေ့ရစဥ်။
#ရေး #ခမရ(၅၈၆) #စစ်ကောင်စီ #YEဘီလူး #လက်နက်ကြီး
#Ayeyarwaddy_Times