ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ကိုဗစ်ရောဂါဖြစ်ပွားပြီး သေဆုံးတဲ့သူ ၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ပထမပတ်ထဲမှာ ကိုဗစ်ရောဂါဖြစ်ပွားပြီး သေဆုံးတဲ့သူ ၃ ဦးရှိခဲ့ပြီး ဒုတိယပတ်ထဲမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။
“ ဆေးရုံကြီးက သေတာက အားလုံးဆို ၅ ဦးရှိသွားပြီ နေအိမ်တွေက သေတာတော့ အတည်ကျ မသိရသေးဘူး ခုက ဘယ်သူမှလည်း ဂရုမစိုက်ကြတော့ဘူး သေတာကတော့ ရောဂါအခံရှိသူတွေနဲ့ အသက်အရွယ်ကြီးတဲ့သူတွေများတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုဗစ်ကြောင့်သေဆုံးတဲ့သူတွေကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာသေဆုံးတဲ့ လူနာတွေကိုသာ လူမှုကူညီ ရေးအသင်းအဖွဲ့တွေကို ခေါ်ယူပြီး နာရေးချခိုင်းတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကိုဗစ်ရောဂါဖြစ်ပွားပြီး နေအိမ်မှာသေဆုံးတဲ့သူတွေ ဘာသာခြားတွေရဲ့ သေဆုံးမှုတွေကိုတော့ အတည်ကျမသိရနိုင်ဘူးလို့ ဒေသခံပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။
#ပုသိမ်မြို့ #ကိုဗစ်ရောဂါ #သေဆုံးမှု #Ayeyarwaddy_Times