ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရမှုမှာချောင်းနှစ်ခွနယ်မြေရဲစခန်းမှူးအပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦးထွက်ပြေး
၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
၎င်း ချောင်းနှစ်ခွရဲစခန်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စတင်တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကို နှင့် ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေးကာ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ထို တိုက်ပွဲတွင် AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တလက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည်၅၀၀၊G3 ကျည် ၃၀၀၊၆၀မမကျည် ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-နဂါးနီစစ်ကြောင်း
#Ayeyarwaddy_Times