ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
မြန်မာပြည်သူများသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာတွင် ပူးပေါင်းဆောင်ရွက်ကြဖို့ ထိုင်းဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာက အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်းဆရီက ပြောကြားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်နေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့အခန်းကဏ္ဍက အရေးကြီးတယ်လို့ ပရာယွတ်က ပြောကြားခဲ့တယ်လို့ သတင်းစာရှင်း လင်းပွဲတစ်ခုမှာ အနူချာက ဆိုပါတယ်။ “မြန်မာပြည်သူတွေနဲ့ အာဆီယံအသိုင်းအဝိုင်းရဲ့ အကျိုးကျေးဇူးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိ ပြီး တည်ငြိမ်တာကို လူတိုင်းက မြင်တွေ့လိုပါတယ်။ မြန်မာနိုင်ငံရှိ လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအ ညီပေးအပ်ရာမှာ နိုင်ငံအားလုံးက လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းအနေနဲ့ မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရာမှာ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံက အဆင် သင့်ရှိပါတယ်” လို့ အနူချာက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေရှိနေစဉ် အာဆီယံအနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အရေးပါသော အ ချက်နှစ်ချက်ကို ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်က အဆိုပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
အာဆီယံအနေနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ချိန်ခွင်လျှာဆက်ဆံရေးကို ထိန်းထား သင့်တယ်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောပါတယ်။
“ကမ္ဘာပေါ်မှာ ပဉ္စမမြောက် စီးပွားရေးအင်အား အကြီးမားဆုံး အသိုင်းအဝိုင်းဖြစ်လာတဲ့ အာဆီယံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို ထိုင်းနိုင်ငံက ဂုဏ်ယူပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Premier calls for Myanmar cooperation