ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့်အတွက် စစ်ဘေးရှောင်နေရသည့် ဒေသခံ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်များ ၁၇၀ ဝန်းကျင်ခန့်ကို ကူညီ ရွှေ့ပြောင်း နေရာချထားပေးလျှက်ရှိကာ ကျန်းမာရေးမကောင်းသူ ၁၃၈ ဦးကို YDF(Htilin) က ကျမ်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ဒေသခံများထံကသိရသည်။