ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တံတားကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Natogyi Regional Defence Force က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

တံတားရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မောင်နိုင် ဟာ လက်နက်ကိုင်ဆောင်သည့် ပျူစောထီးခေါင်း ဆောင်တဦးဖြစ်ပြီး ရပ်ရွာထဲသေနတ်ပစ်ဖောက်ကာ လူထုကိုခြိမ်း ခြောက်နေလို့ အသေပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

” ဇွန် ၃၀ ရက်နေ့က ရှင်းခဲ့တာပါ။ ကျနော်တို့စခန်းရွှေ့နေရလို့ ဒီနေ့မှထုတ်ပြန်တာပါ။ သူ့အိမ်ထဲထိဝင်ရှင်းခဲ့တာဗျ။ သူကအုပ်ကြီးလည်းဟုတ်တယ်၊သေ နတ်ကိုင်တဲ့ပျူစောထီလည်းဟုတ်တယ်။ အသေပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ NRDF တာဝန်ခံ ဗိုလ်လန်ဒန်က မြေလတ်အသံကိုပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ကြီးကိုရှင်းလင်းပြီးတဲ့နောက် သူ့ဆီကနေ ပွိုင့် 22 ကျည်ထည့်ပြီးပစ်ခတ်သည့် သေနတ်တလက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်လက်ပြောပါတယ်။

ဒီလုပ်ဆောင်မှုကို Natogyi Regional Defence Forceနဲ့အတူ မြေလတ်-PDF MGN District၊Seven People Defense Force TTA- ပြောက်ကျားတပ် (တောင်သာ) ၊27 Revolution Forces (မြင်းခြံ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။