
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပံ့ပိုးမယ့် အစိုးရရဲ့ကတိကဝတ် တစ်စိတ် တစ်ဒေသအဖြစ် သြစတြေးလျနိုင်ငံက မိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၃၅ သန်း ထောက်ပံ့မှာဖြစ်ပါတယ်။
ပံ့ပိုးကူညီမယ့် အစီအစဉ်ထဲမှာ အမျိုးသမီးတွေ၊ မိန်းခလေးတွေ၊ မသန်စွမ်းတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုလည်း ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအ ညီ လိုအပ်သူအရေအတွက်မှာ တစ်သန်းမှ ၁၄ ဒသမ ၄ သန်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
လူသားချင်းစာနာမှု အကူအညီအပေါ် မှီခိုနေရတဲ့ ရိုဟင်ဂျာ ၉၁၉၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ ဆက်လက်ပံ့ပိုးမှုကို သြစတြေးလျနိုင်ငံက ချီးကျူးနေပါတယ်။
သြစတြေးလျနိုင်ငံရဲ့ လူသားချင်းစာနာမှုအကူအညီကို ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေမှတစ်ဆင့် ပေးအပ်မှာဖြစ်ပါတယ်။
အဲဒီမိတ်ဖက်အဖွဲ့အစည်းတွေအားလုံးက လိုအပ်သူတွေထံ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရာမှာ ဘက်လိုက်မရှိတာ သက်သေပြခဲ့တာကြောင့် သြစတြေးလျနိုင်ငံရဲ့ အကူအညီက မြန်မာစစ်ကောင်စီကို တိုက်ရိုက် အကျိုးဖြစ်စေ သို့မဟုတ် တရားဝင်ဖြစ်စေမှာ မဟုတ်ပါဘူး။
၂၀၁၇ ခုနှစ် နောက်ပိုင်း မြန်မာပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ ရိုဟင်ဂျာဒုက္ခသည်တွေအ တွက် သြစတြေးလျနိုင်ငံရဲ့ ပံ့ပိုးကူညီမှုက ဒေါ်လာ သန်း ၄၈၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
Ref; https://www.foreignminister.gov.au
Ref; Humanitarian support to Myanmar and Bangladesh