ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

လူပုဂ္ဂိုလ် ၁၉ ဉီးနဲ့ စစ်ကောင်စီ (SAC) အပေါ် ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုသစ်တွေကို Burma Campaign UK က ယနေ့ ကြိုဆိုပေမယ့် ဒဏ်ခတ်တာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်နဲ့ စစ်လက်နက်တွေကို ဖြတ်တောက်ဖို့ ဉရောပသမဂ္ဂမှာ မှန်ကန်တဲ့မူဝါ ဒရှိပေမယ့် မြန်မြန်ဆန်ဆန် ဖော်ဆောင်တာမရှိပါဘူး” လို့ Burma Campaign UK ညွှန်ကြားရေးမှူး မတ်ခ်ဖာမန် နာက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ သို့မဟုတ် ဖမ်းဆီးမှု တွေ ရှိနေတာကြောင့် ဉရောပသမဂ္ဂအနေနဲ့ ဒဏ်ခတ်မှုတွေကို အရေးတကြီး ဖော်ဆောင်ဖို့ လိုအပ်နေပြီး မြန်မာ စစ်တပ်ရဲ့ ငွေရပေါက်နဲ့ စစ်လက်နက်တွေကို ဖြတ်တောက်မှုကသာ ပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

ဉရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်သူတွေထဲမှာ စစ်တပ်အကြီးတန်းအရာရှိတွေ၊ စစ်ကောင်စီအဖွဲ့ ဝင်တွေဖြစ်တဲ့ ဒေါက်တာကံဇော်နဲ့ တရားသူကြီးချုပ် ဉီးထွန်းထွန်းဉီး၊ ခရိုနီ ဉီးတေဇနဲ့ လက်နက်ပွဲစား ဦးအောင် မျိုးမြင့်နဲ့ ဒေါက်တာနိုင်ထွဋ် အောင်တို့လည်း ပါဝင်ပါတယ်။

ဒီဒဏ်ခတ်မှုဟာ ဖေဖော်ဝါရီလနောက်ပိုင်း ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုသစ်ဖြစ်ပါတယ်။ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံက ပစ်မှတ်ထား ဒဏ်ခတ်မှုနည်းလမ်းကို ဉီးဆောင်နေပေမယ့် ဖော်ဆောင်ရာမှာ အလွန် နှေး ကွေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ဉရောပသမဂ္ဂက ဒဏ်ခတ်အရေးယူဖို့နဲ့ မြန်မာ နိုင်ငံသို့ အရပ်ဘက်သုံးလေယာဉ်ဆီတွေ တင်သွင်းရာမှာ ဉရောပကုမ္ပဏီတွေ မပါဝင်နိုင်အောင်ပိတ်ပင်ဖို့လည်း Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

“ဉရောပသမဂ္ဂက မြန်မာစစ်တပ်ထံ ငွေကြေး၊ လက်နက်နဲ့ လေယာဉ်ဆီတွေထောက်ပံ့တာ ဖြတ်တောက် ရပါမယ်။ ဒီလိုအရေးယူဖို့ ဉရောပသမဂ္ဂအနေနဲ့ ဆင်ခြေပေးစရာမလိုပါဘူး” လို့ မတ်ခ်ဖာမန်နာက ပြောပါတယ်။

ကိုးကား – Burma Campaign UK
Ref; New EU Burma Sanctions Welcome – But Implementation Too Slow