ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်ရပ်မှာတည်ရှိတဲ့ အလုပ်သမား ၇၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Chai Moon Sportအထည်ချုပ်စက်ရုံကို နို၀င်ဘာ၂ ရက်နေ့မှာ ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်
“အော်ဒါထည်တွေ မရတော့လို့ ပိတ်လိုက်တာ လို့ပြောတယ်။ လောလောဆယ်၂ လလို့တော့ပြောတယ်။ အော်ဒါပြန်ရရင်တော့ပြန်ဖွင့်မယ်တဲ့။ ၂လလို့ ပြောပေမယ့်ခုခေတ် အခြေအနေနဲ့က ပြန်ဖွင့်ဖို့မလွယ်ဘူးထင်တယ်”လို့ စက်ရုံလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပိတ်သိမ်းလိုက်တဲ့ Chi Moon Sport အထည်ချုပ်စက်ရုံမှာအလုပ်သမား ၇၃၀ နီးပါးရှိပြီး ပုသိမ်မြို့ပေါ်နဲ့အနီးကျေးရွာတွေကလာရောက်လုပ်ကိုင်သူတွေနဲ့ နယ်ကနေအဆောင်နေသူတွေ ပါဝင်နေပြီး၂ လပြည့်လို့ပြန်ဖွင့်မယ့်အချိန်ကိုစောင့်နေကြတယ်လို့ စက်ရုံလုပ်သားအချို့က ဆိုပါတယ်။
ပုသိမ်မြို့က အထည်ချုပ်စက်ရုံတွေမှ အော်ဒါထည်နည်းပါးလာတာကြောင့် လာမယ့် မတ်လအတွင်းမှာ လုပ်သားလျှော့ချတာတွေနဲ့ ပိတ်သိမ်းတာတွေဖြစ်လာနိုင်တယ်လို့အထည်ချုပ်လုပ်ငန်းနဲ့နီးစပ်သူတွေကသုံးသပ်ပါတယ်။
#ပုသိမ် #ChaiMoonSport #အထည်ချုပ်စက်ရုံ #ပိတ်သိမ်း
#Ayeyarwaddy_Times