
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မအူပင်/ဇူလိုင် ၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့စစ်ကောင်စီက မြို့ပေါ် ရပ် ကွက်များရှိလူနေအိမ်များကို ဇူလိုင် ၂ ရက် ယမန်နေ့ကစ၍ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း ရှိ၊မရှိိကို တအိမ် တက်တအိမ်ဆင်းလိုက်လံစစ်ဆေးနေကြောင်းဒေသခံများထံကသိရသည်။
စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် အပိုင်ရဲနယ်ထိန်းများတအိမ်တက်ဆင်းလိုက်လံစစ်ဆေးနေခြင်းဖြစ်ပြီး နေအိမ်ရှိ လူအားလုံးမှ မှတ်ပုံ တင်ထုတ်ပြရသည်ဟုဆိုသည်။
” မနေ့ကစပြီး ရပ်ကွက်တွေထဲ တအိမ်ချင်းဝင်စစ်တယ်၊ လူတိုင်းမှတ်ပုံတင်ထုတ်ပြရတယ်။ အရင်ကတော့ခရီး သွားတာတို့ အပြင်ထွက်တာတို့မှတ်ပုံတင်စစ်တယ်ဘဲ ကြားဘူးတာ။ ခုက တအိမ်ဆင်းတအိမ်တတ် မှတ်ပုံတင်တွေလိုက်စစ်နေတာ” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ လဝကဌာနက ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များလုပ်ဆောင်ပေးနေပြီး အဆိုပါစီမံချက်ဖြင့်လုပ်ဆောင်မှု ရှိ၊မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း ဒေသခံများကသုံး သပ်ပြောဆိုသည်။
” သူတို့(စစ်ကောင်စီ)ကလုပ်ပေးရဲ့သားနဲ့ မှတ်ပုံတင်တွေ မလုပ်ထားတာရှိ၊မရှိစစ်တာလည်းပါတယ်။ မှတ်ပုံတင်စစ်တာနဲ့ပတ်သက်ပြီး ခုထိတော့အဖမ်းဆီးခံရတယ်ဆိုတာတော့ မကြားသေးဘူး။သန်းခေါင်စာရင်းဝင် မိသားစုဦးရေအတိုင်း ရှိ၊မရှိလည်းစစ်တယ်” ဟု အခြားမြို့ခံတဦးကပြောသည်။
စစ်အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် စိုးဝင်းကလည်း ဧပြီလ ၁ ရက်နေ့ကနေပြည်တော်တွင် ကျင်း ပပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးတွင် ၄င်းတို့လက် အောက်ခံများအား မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းကို တအိမ်တက်ဆင်းလိုက်လံစစ့ဆေးဖို့ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင် စစ်ကောင်စီက ပြည်သူလူထုအား မတ ရားဖမ်းဆီးမှုများပြုလုပ်နေသလို တဖက်တွင်လည်း နည်းမျိုးစုံဖြင့်စည်းရုံးရေးလုပ်နေပြီး ယခုရက်ပိုင်းမှာပင် မြို့ပေါ်စာသင်ကျောင်းများတွင် ကိုဗစ်ပညာပေးဟော ပြောပွဲဆိုကာ မြို့ခံများကိုခေါ်ယူပြီး PDF များမကောင်းကြောင်းနှင့် PDF နှင့် နီးစပ်သူများရှိပါက အလင်းဝင်ကြရန်စည်းရုံးဟောပြောမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။