ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်

ဗျူနိုအေးရိစ်မြို့တော်ရှိ တရားရုံးတစ်ရုံးက ကြားနာနေတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စစ်ဆေးမှုတစ်ခုမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို သက်သေထွက်ဆိုဖို့ ရိုဟင်ဂျာအမျိုးသမီးတွေ၊ မိန်းခလေးတွေပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့ဟာ နှစ်လအတွင်း အာဂျင်တီးနားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေအတွက် တရားရုံးကို အဝေးကနေ သက်သေထွက်ဆိုခဲ့တာပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုတွ ေနဲ့ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA ကို လက်တုံ့ပြန်ဖို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာကျေးရွာ ၃၇၀ ကျော် မီးရှို့ခံခဲ့ရပြီး ရာနဲ့ချီ သတ်ဖြတ်ခံ ခဲ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ဆောင်ချက်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ပြီး ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့ပါတယ်။

“ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ သက်သေထွက်ဆိုချက်က နှစ်လအတွင်း ဖြစ်နိုင်ပါတယ်။ တရားရုံးကြားနာ မှုအတွက် အမျိုးသမီးတွေကို ဗျူနိုအေးရိစ်မြို့ကို ခေါ်ဆောင်မှာဖြစ်ပါတယ်” လို့ ဗြိတိန်နိုင်ငံရှိ မြန်မာရိုဟင်ဂျာအ ဖွဲ့အစည်း ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့အစည်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှာ မြန်မာစစ်တပ်ကို တရားစွဲဆိုခဲ့ပြီး နောက်လမှာ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက အမှုကို လက်ခံခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နဲ့ ကုလသမဂ္ဂ နိုင်ငံတကာတ ရားရုံး (အိုင်စီဂျေ) မှာလည်း တရားစွဲဆိုထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က နိုင်ငံတကာဥပဒေ ချိုးဖောက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ရိုဟင်ဂျာအမျိုးသမီးတွေက နိုင်ငံတကာတရားရုံးတစ်ရုံးမှာ သက်သေထွက် ဆိုတာ ပထမဆုံးအကြိမ် ဖြစ်လာမယ်လို့ ဦးထွန်းခင်က ဆိုပါတယ်။
“ARSA အဖွဲ့ ပေါ်လာပြီးမှသာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်နေတာ” လို့ အာဂျင်တီးနားတရားရုံးက ကြားနာမယ့် မြန်မာစစ်တပ်အပေါ် စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ရပ်တည်ချက်ကို မေးမြန်းရာမှာ အာ ဏာသိမ်းအဖွဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။

အားလုံးနဲ့ဆိုင်တဲ့တရားစီရင်ပိုင်ခွင့်နဲ့အညီ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှု ကို စုံစမ်းစစ်ဆေးနေတဲ့ အာဂျင်တီးနား၊ တူရကီနိုင်ငံတွေနဲ့ ပူးပေါင်းကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမင်းကြီး မစ်ချယ်ဘာချီလတ်က အခြားတိုင်းပြည်တွေကို ပန်ကြားခဲ့ပါတယ်။

ကိုးကား – VOA
Ref; Rohingya Women, Girls to Testify in Genocide Trial of Myanmar Military