ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ တရုတ်တန်းရှိ ရွှေစင်ရွှေဆိုင်ကို ယနေ့ မနက် ကိုးနာရီခန့်က ဆိုင်ကယ်နှင့်လူရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်ကာ ရွှေနှင့် ငွေထုတ်များလုယူသွားကြောင်း လသာအနီးနေထိုင်သူများထံမှ သိရသည်။

လသာမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလလမ်း၊အမှတ် (၆၈၉)၊မြေညီထပ် ရွှေဇင်ရွှေဆိုင်ဖွင့်ရန် ကားပေါ်မှ ပစ္စည်များချနေချိန် အမျိုးသားလူငယ် နှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ပြကာရွှေထုပ် တစ်ထုပ်နှင့် ငွေကျပ်သိန်းတစ်‌ထောင်ပါငွေထုပ်တစ်ထုပ်အား လုယူသွားကြောင်းသိရသည်။

“မနက် ကိုးနာရီကျော်လောက်မှာ ဆိုင်မဖွင့်ရသေးဘူး။ ဆိုင်ဖွင့်ဖို့လုပ်နေတုန်းမှာ ဆိုက်ကယ်နဲ့ရောက်လာပြီး သေနတ်ပြလုသွားတယ်။ ရွှေထုတ် ငွေထုတ်တွေပါသွားတယ်” ဟု ဖြစ်စဉ်ကို သိသူတစ်ဦးက ပြောကြားသည်။

စစ်တပ်အာဏာပြီးနောက် ဓားပြမှု၊ လုယက်မှုများပြားလာကာ ယခုရက်ပိုင်းအတွင်းရွှေဆိုင်များပစ်မှတ်ထားခံလာရသည်။

ရန်ကုန်မြို့အတွင်း ဆိုင်ကယ်စီးခွင့်ရှိသူများထဲတွင် ရဲ၊ စည်ပင်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းနှင့်စစ်သားများသာရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း စစ်တပ်မြို့တော်ပြင်ဦးလွင်မြို့ရှိ အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး လုံခြုံရေးဝန်ထမ်းတစ်ဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်