ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ စစ်ကော်မရှင် ပြုလုပ်မည့် လူထုလက်မခံသော ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်မည့် (၈၈) ‌မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလောင်း ဦးမြင့်ဌေး သေဆုံးသွားကြောင်း သိရသည်။

ဦးမြင့်ဌေးသည် ပရဟိတသမား တစ်ဦးအဖြစ်မှ စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ပြန်လည် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြင်ဆင်နေစဉ် ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက ရုတ်တရက် သွေးဆောင့်တက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

ပဒုမ္မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမြင့်ဌေးသည် ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ်ရှိပြီဖြစ်ကာ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပြီး ၎င်းအား ကောင်းရာမွန်ရာဘဝ ရောက်ရှိပါစေဟု ပြည်သူ့ပါတီကလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့ပါတီ
ပုံစာ- ဦးမြင့်ဌေး (ကွယ်လွန်)