ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ရုရှားနိုင်ငံမှ ရေနံဝယ်ယူတဲ့ အိန္ဒိယအပေါ် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကို ရုရှားသမ္မတ ဗ လာဒီမာပူတင်က အိန္ဒိယခရီးစဉ်အတွင်း မေးခွန်းထုတ်လိုက်ပါတယ်။
ပူတင်ဟာ ကြာသပတေးနေ့ညနေခင်းက နယူးဒေလီမြို့တော်သို့ ရောက်ရှိလာခဲ့ရာ အိန္ဒိယဝန် ကြီးချုပ် နာရင်ဒရာမိုဒီက လေဆိပ်မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။
ရုရှားမှ ရေနံစိမ်းဝယ်ယူမှုကြောင့် အိန္ဒိယကုန်စည်တွေအပေါ် ဒဏ်ခတ်စည်းကြပ်ခွန် သတ်မှတ်ခဲ့ တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုကို အိန္ဒိယနိုင်ငံက ရင်ဆိုင်နေရစဉ် ပူတင်ရဲ့ခရီးစဉ် ဖြစ်လာတာပါ။
“အမေရိကန်နိုင်ငံကိုယ်တိုင်က သူ့ရဲ့ နျူကလီးယားစက်ရုံတွေအတွက် ရုရှားကနေ နျူကလီးယား လောင်စာတွေ ဝယ်ယူနေဆဲဖြစ်ပါတယ်။ အမေရိကန်က ရုရှားလောင်စာ ဝယ်ယူခွင့်ရှိရင် အိန္ဒိယလည်း ဝယ်ယူခွင့်ရှိသင့်ပါတယ်” လို့ ပူတင်က ပြောပါတယ်။
အိန္ဒိယရဲ့ နိုင်ငံတကာအခန်းကဏ္ဍ ကြီးမားလာမှုကြောင့် အမည်မဖော်လိုတဲ့ နိုင်ငံတွေက နိုင်ငံ ရေး အကြောင်းပြချက်တွေနဲ့ အိန္ဒိယကို ဘောင်ခတ်ဖို့ ကြိုးပမ်းနေတယ်လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။
အိန္ဒိယရဲ့ ရုရှားမှ ရေနံစိမ်’တင်သွင်းမှုဟာ ၂၀၂၂ ခုနှစ်မတိုင်မီ ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ လက်ရှိမှာ ၃၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့လို့ ကမ္ဘာ့ဒုတိယအများဆုံး ရုရှားရေနံဝယ်ယူသူ ဖြစ်လာပါတယ်။
လက်တုံ့ပြန်မှုအဖြစ် ဒေါ်နယ်ထရမ့်က အိန္ဒိယကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး မကြာသေးမီက ရုရှားရေနံကုမ္ပဏီတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြောင့် အိန္ဒိယရေနံချက်လုပ်သူတွေက ရုရှားမှ ရေနံဝယ်ယူမှု လျှော့ချခဲ့ရပါတယ်။
ရုရှားရေနံစိမ်းမှ ပြုလုပ်ထားတဲ့ ရေနံထုတ်ကုန်တွေ တင်ပို့တာ ရပ်ဆိုင်းမယ်လို့ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ပုဂ္ဂလိကရေနံချက်လုပ်သူက ကြေညာခဲ့ပါတယ်။
အိန္ဒိယသို့ S-400 ဒုံးခွင်းစနစ်နဲ့ Su-57 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ရုရှားက တွန်းအားပေးနေပါတယ်။
အိန္ဒိယနဲ့ရုရှားဟာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ဒေါ်လာ ၁၀၀ ဘီလီယံအ ထိ ရောက်ရှိဖို့ ရည်ရွယ်ထားပါတယ်။
ကိုးကား – Aljazeera
Ref; Putin challenges US pressure on India over Russian oil during state visit