ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ဗင်နီဇွဲလားနိုင်ငံရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရေး အခြေစိုက်စခန်းတွေနဲ့ အခြားပစ်မှတ်တွေကို စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံ သတိပေးလိုက်ပါ တယ်။
မူးယစ်ဆေးဝါးတွေ ပမာဏများစွာ မှောင်ခိုကူးခြင်းဟာ အကြမ်းဖက်ဝါဒဟုဆိုကာ အမေရိကန်အ စိုးရဟာ စက်တင်ဘာလနောက်ပိုင်း ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ စက်လှေ တွေကို တိုက်ခိုက်ခဲ့ပါတယ်။
“လမ်းကြောင်းတိုင်း၊ နေအိမ်တိုင်းကို ကျွန်တော်တို့ သိရှိတာကြောင့် ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနေရာတွေကို မကြာမီ စစ်ရေးတိုက်ခိုက်မှုတွေ စတင်ပါမယ်” လို့ ဒေါ်နယ်ထရမ့်က သတင်း ထောက်တွေကို ပြောပါတယ်။
မူးယစ်ဆေးဝါးတွေကို ဘယ်နေရာတွေမှာ ထုတ်လုပ်တယ်ဆိုတာ အမေရိကန်နိုင်ငံက သိရှိတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
ဗင်နီဇွဲလား မူးယစ်ဂိုဏ်းတစ်ခုကို ပံ့ပိုးကူညီတဲ့ လူပုဂ္ဂိုလ်တွေ၊ အုပ်စုတွေကို ဒဏ်ခတ်ပိတ်ဆို့ ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗင်နီဇွဲလား မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးနိုင် ရေး သတင်းပေးသူကို ဒေါ်လာ ၅ သန်း ချီးမြှင့်မယ်လို့ ဆုကြေးထုတ်ထားပါတယ်။
ကိုးကား – NHK
Ref; Trump repeats warning of land strikes in Venezuela