ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတား အဆင်းမှာ ဒီကနေ့ နိုဝင်ဘာလ ၆ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ YBS ယာဉ် ၂ စီးခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာမြို့နယ် ၁ ထိပ် မှတ်တိုင်အနီးမှာ YBS ယာဉ်အမှတ် ၆၁ နဲ့ ၆၉ တို့ ခေါင်းချင်းဆိုင်တိုက်မိတာဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ နှစ်ဘက် ယာဉ်မောင်းနဲ့ခရီးသည် ၃၀ ကျော် ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ကူညီဆောင် ရွက်ပေးနေတဲ့ ရန်ကုန်အခြေစိုက်ပရဟိတ အသင်းတချို့ဆီက သိရပါတယ်။

”ထိခိုက်တာတော့ နှစ်ဘက် ၃၀ ကျော် ။ အဲ့ထဲကမှ သေဆုံးတဲ့သူတွေထွက်လာတာ လတ်တလောတင် ၅ ယောက် ၊ ၆ ယောက်လောက်ရှိပြီ။ အဲ့ထက်များနိုင်တယ်။ ခုက ဆွဲထုတ်နေတုန်းဘဲ ”လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန် မြို့ပရဟိတအသင်းဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
#AyeyarwaddyTimes