
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ရေကြည်)၊ အောက်တိုဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့က စစ်ကောင်စီသတင်းပေး မှုခင်း သတင်းထောက်တဦးဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။
ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက် ဆန်းတင့် ဆိုသူကို စိုက်ပျိုးရေးဝန်ကြီးရဲ့ တိုင်တန်းချက်အရ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ပထမ စိုက်ပျိုးရေးဝန်ကြီးနဲ့ပြသာနာတတ်တာ ဝန်ကြီးကရှင်းလိုက်ရတယ် အိုင်ဇောက်ကွင်း ကွင်းလျှာ ရေကြီးနစ်မြုပ်လို့ ပဲစပါးခင်းတွေပျက်စီးတယ်ဆိုပြီး သတင်းရေးလို့ စိုက်ပျိုးရေးဝန်ကြီးက ကွင်းဆင်း စစ်ဆေးတာမဟုတ်ဘူးဖြစ်နေတယ် အဲဒါနဲ့ ဝန်ကြီးကိုယ်တိုင်က အကြည်ညိုပျက်စေမှု့ ဝန်ကြီးကိုယ်တိုင် တရားလိုလုပ်ပြီး တရားစွဲဖမ်းဆီးပြီးထောင်ထဲထည့်ထားတာ”လို့ ဒေသခံတဦးက ဧရာတတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ စစ်တပ်သတင်းပေး မှုခင်းသတင်းထောက် ဆန်းတင့် ဆိုသူဟာ ဇန်နဝါရီလ ၁၆ ရက်နေ့က သူနေထိုင်ရာရွာကနေ ရေကြည်မြို့ကိုသွားတဲ့လမ်းမှာ တော်လှန်ရေး အင်အားစုတွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကိုခံရပြီး မသေခဲ့တဲ့ သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက် ဆန်းတင့်ဆိုသူကို ရေကြည်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။