အောက်တိုဘာလ ၄ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– လာမယ့်လမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ ကမ္ဘောဒီးယား ပြော

– တီကျစ်စစ် ဆေးဂိတ်မှာ ဖုန်းအစစ်ခံရပြီး ဖမ်းဆီးခံရသည့် မိုးဗြဲမြိုခံလူငယ်အား စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

– စစ်ရေးချုပ်နဲ့ ကစထ ၄ မှူး ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို အနားပေး၊ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်လာ

– ဆားလင်းကြီးမြို့နယ်တွင် ရဲ ၄ ဦးပစ်ခတ်ခံရပြီးနောက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဝင်စီးလို့ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ

– စစ်တွေတွင် ရဲများက ခရီးသွား ဟိန္ဒူလူမျိုးများကို ငွေညှစ်

– မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် စစ်ကောင်စီဘက်က ၈ ယောက်သေဆုံး

– စစ်အုပ်စုက တပတ်အတွင်း ဖမ်းဆီးမီးရှို့သတ်ဖြတ်မှု ၅၀ ခန့်ကျူးလွန်၊ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်

– မွန်ပြည်နယ်၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကို စစ်ကောင်စီခွင့်ပြုပေး