မြောက်ကိုရီးယားရဲ့ တာလတ်တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုကို ပြတ်သားစွာ တုံ့ပြန်မယ်လို့ တောင်ကိုရီးယား သတိပေး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

မြောက်ကိုရီးယားနိုင်ငံက ဒီကနေ့ ကီလိုမီတာ ၄၀၀၀ အထိ ရောက်ရှိတဲ့ တာလတ်တိုက်ချင်းပစ် ဒုံးကျည် တစ်စင်း ပစ်လွှတ်ပြီးနောက် ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုက သတိ ပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံအရှေ့ဘက်ဆီသို့ တာတိုတိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်တာကို ထောက်လှမ်းနိုင်ခဲ့ တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားပြီးနောက် သူက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက ဂျပန်ကျွန်းစုပေါ်ကနေ ကီလိုမီတာ ၄၀၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်တဲ့ တာ လတ်တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“အောက်တိုဘာလ ၁ ရက်နေ့ တပ်မတော်နေ့မှာ ပြောကြားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အ ဆင်အခြင်မဲ့ နျူကလီးယားရန်စမှုတွေဟာ တောင်ကိုရီးယားစစ်တပ်၊ မဟာမိတ်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ ပြတ်သားတဲ့တုံ့ပြန်မှုနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်” လို့ ယွန်းဆတ်ခ်ယိုက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ အမျိုးသားလုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေး မှာဖြစ်ပြီး သူလည်းတက်ရောက်မယ်လို့ ယွန်းဆတ်ခ်ယိုက ဆိုပါတယ်။

လေယာဉ်တင်သင်္ဘော USS Ronald Reagan ပါဝင်သော တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သောအားဖြင့် မြောက်ကိုရီးယားနိုင်ငံက တစ်ပတ်အတွင်း ဒုံးကျည်ငါး စင်း ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက လာမည့်သီတင်းပတ်တွေအတွင်း သတ္တမမြောက် နျူကလီးယားစမ်းသပ်မှု ပြု လုပ်မယ်လို့ မျှော်မှန်းရတာကြောင့် အခုလို တာလတ်တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုကို တင်းမာမှုတွေကို ပိုပြီး မြင့်တက်လာစေခဲ့ပါတယ်။

ကိုးကား – Yonhap

Ref; Yoon warns of ‘resolute’ response after N. Korea’s IRBM launch