လာမယ့်လမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ ကမ္ဘောဒီးယား ပြော

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ကမ္ဘောဒီးယားနိုင်ငံက ဖနောင်ပင်မြို့တော်မှာ နိုဝင်ဘာလအတွင်းပြုလုပ်မယ့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်ဖို့ မြန်မာစစ်ကောင်စီကို မဖိတ်ကြားခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဉီးကိုသာ အစည်းအဝေးတွေကိုတက်ရောက်ဖို့ ကမ္ဘောဒီး ယားအစိုးရက ဖိတ်ကြားခဲ့ပါတယ်။

စစ်ကောင်စီက အာဆီံယံဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာနဲ့ ဒီမိုကရေစီ တက် ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်တာလိုမျိုး ရန်လိုသောမူဝါဒတွေကြောင့် အာဆီယံအစည်းအဝေးတွေ ကို မဖိတ်ကြားတာဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မဖိတ်ကြားတာကို ကမ္ဘောဒီးယား နိုင်ငံခြား ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချွန်ဆန်ရီက အတည်ပြုလိုက်ပါ တယ်။

“ပြည်သူတွေ ဘေးကင်းဖို့နဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေး မြန်မာစစ်ခေါင်း ဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက စစ်ရေးနဲ့နိုင်ငံရေး အလျော့ပေးတာ မျိုး နှစ်ဉီးနှစ်ဖက် အကျိုးရှိတဲ့ အဖြေတစ်ရပ်ရှာဖွေဖို့ တိုက်ခိုက်တာတွေရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ပြန်သွားသင့်ပါတယ်” လို့

မဲခေါင်မဟာဗျူဟာလေ့လာရေးဌာနမှ သုတေသီ သောင်မန်ဒေးဗစ်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ တိုးတက်မှုမရှိပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး၊ အစား အသောက်နဲ့ ဆေးဝါးလိုမျိုး လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရမှာနဲ့ ပြည်သူတွေ အန္တရာယ်ကင်းရေးအ တွက် ကမ္ဘောဒီးယားနဲ့ အာဆီယံနိုင်ငံတွေက အလေးထားလုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီလအတွင်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အိမ် ရှင်အဖြစ် လက်ခံကျင်းပချိန်ကလည်း အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာ ကြောင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို အစည်းအဝေးသို့ မဖိတ်ကြားခဲ့ပါဘူး။

ကိုးကား – The Phnom Penh Post

Ref; Cambodia stands firm on 5PC: No invite for Myanmar to ASEAN Summit this year