တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ့် လက္ခဏာမရှိသေးဘူးလို့ ကန် ကာကွယ်ရေးဝန်ကြီး ပြော

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

တရုတ်က ထိုင်ဝမ်ကို ချက်ချင်း ကျူးကျော်မယ်လို့ သူမထင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားလိုက်ပြီး အောက်လွှတ်တော်နာယက နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က ပုံမှန်အခြေ အနေတစ်ခုဖန်တီးဖို့ အခွင့်အလမ်းတစ်ခုကို အသုံးချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်စစ်တပ်က ထိုင်ဝမ်ကို ကာကွယ်ပေးမယ်ဆိုတဲ့ ပြီးခဲ့တဲ့လ အတွင်း သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်စကားကို အော်စတင်က စီအန်အန်သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအ တွင်း တိုက်ရိုက် မထောက်ခံခဲ့ပေမယ့် အမေရိကန်ရဲ့ မူဝါဒက ထိုင်ဝမ်ကို ကူညီပေးဖို့ဖြစ်တယ်ဆိုတာ ထပ် လောင်းပြောကြားခဲ့ပါတယ်။

“ထိုင်ဝမ်ဆက်ဆံရေးအက်ဉပဒေနဲ့အညီ ထိုင်ဝမ်က ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရေးကူညီဖို့ ကျွန်တော်တို့ ကတိပြုပါတယ်” လို့ အော်စတင်က ပြောပါတယ်။

“စိတ်ကူးသက်သက်မျှဖြစ်တဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ သမ္မတက ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ တာလို့ ကျွန်တော်ထင်ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အာရှ-ပစိဖိတ်ဒေသဖြစ်လာစေရေး မဟာမိတ်တွေကိုကူညီ ဖို့ ကျွန်တော်တို့ ကတိပြုပါတယ်” လို့ သူက ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကတိစကားနဲ့အညီ တရုတ်က ကျူးကျော်လာရင် ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ အမေ ရိကန်စစ်တပ်က ပြင်ဆင်ထားပါသလားဆိုတဲ့ အင်တာဗျူးသူရဲ့ မေးမြန်းမှုကို အော်စတင်က အခုလို ဖြေကြားခဲ့ တာဖြစ်ပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒက အပြောင်းအလဲမရှိဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဉီးက ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အာဏာရရှိလာပြီးနောက်ပိုင်း သမ္မတ ဂျိုးဘိုင်ဒင်က မီဒီယာတွေနဲ့ တွေ့ဆုံမှု တွေမှာ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်စစ်တပ်က ကာကွယ်ပေးမယ်လို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

ကိုးကား – Taiwan Focus

Ref; U.S. defense chief says no signs of ‘imminent invasion’ of Taiwan