
ဖလမ်းမြို့တွင် ကုန်စျေးနှုန်းများဆက်လက်မြင့်တက်နေပြီး စားသောက်ကုန်များ ပြတ်လပ်မည်ကို စိုးရိမ်၍ ဒေသခံများအလုအယက်ဝယ်ယူနေကြ
ဧရာဝတီတိုင်ႈမ်
(ဖလမ်း) အောက်တိုဘာလ ၃ ရက်
ချင်ႈပြည်နယ်၊ ဖလမ်ႈမြို့တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်၍ ဒေသခံများ အလုအယက်ဝယ်ယူနေကြကြောင်း သိရသည်။
ယခင်အရပ်သားအစိုးရလက်ထက်၌ တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်ဝန်းကျင်သာရှိသည့် ဧရာမင်းကော်ချက်ဆန်အမျိုႈအစားမှာ လက်ရှိတွင် ၇၂၀၀၀ ဖြင့်ဝယ်နေရကြောင်း ဖလမ်းမြို့ခံအချို့ထံမှ သိရသည်။
“တစ်လပြီးတစ်လ ကုန်စျးနှုန်းတွေလည်းမြင့်တက်လာတယ်။ ဆန်စျေးကလည်းမြင့်သထက်မြင့်လာတော့ စားနပ်ရိက္ခာလည်ႈ ရှားလာနိုင်တယ်ဆိုတော့ အရင်ကဆန်၄ပြည်၅ပြည်လောက်ဝတဲ့သူက အခုတော့ မရှိရှိတဲ့ငွေနဲ့ အအိတ်လိုက်ဝယ်နေကြပြီး ကိုယ့်အိမ်မှာစုကြတယ်။ စားသုံးဆီတွေဆိုလည်ႈ အဲလိုဘဲ အပုံလိုက်ပြီႈစုတယ်ပေါ့”ဟု ဒေသခံအမျိုးသမီးတစ်ဦးက
ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့သို့ အဆန်အပါအ၀င် အခြေခံစာႈသုံႈကုန်ပစ္စည်းများကို စစ်ကိုင်းတိိုင်း၊ ကလေးမြို့မှအဓိကပို့ဆောင်နေရကြောင်း သိရသည်။
လက်ရှိတွင် ကလေႈ-ဖလမ်းကြားတိုက််ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် ကုန်တင်ကားမျာႈ အသွာႈအလာခက်ခဲပြီႈ ကုန်စည်မျာႈလည်ႈ စျေႈကျခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေရခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုထားသည်။
#ဖလမ်း #အခြေခံစားသောက်ကုန် #စျေးတက်
#Ayeyarwaddy_Tiems