ဇီးပြားရွာပျူသင်တန်းကို PDF တွေစီးနင်းတိုက် ခိုက် ​ ၊ စစ်အုပ်စုဘက်က ၁၇ ဦးထက်မနည်းသေဆုံးပြီး ပျူသင်တန်းသား ၅၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာက ပျူစောထီးသင်တန်းကို အောက်တိုဘာလ ၂ ရက် မနေ့ နေ့ ည် ၁ နာရီခွဲဝန်းကျင်မှာ စတင်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

ပျူစောထီးအင်အား ၉၃ ဦးဝန်းကျင်ကို စစ်သင် တန်းပေးနေတုန်း ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး ည ၇ နာရီဝန်းကျင်ထိ အချိန် ၅ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က စစ်ကောင်စီတပ် သား၊ရဲတပ်ဖွဲ့ဝင်နဲ့ပျူစောထီး ၁၇ ဦးထက်မနည်းသေဆုံးပြီးတော့ ပျူသင်တန်းသား ၅၃ ဦးကိုအရှင်ဖမ်းမိထားတယ်လို့ မြိုင်ပကဖတာဝန်ခံဗိုလ်လယ်ျာက ပြောပါတယ်။

” သူတို့က သင်တန်းပေးနေတာဗျ၊ နေ့လည် ၁ နာရီခွဲလောက်မှာ စစချင်း ကျနော်တို့ လက်နက်ကြီးတွေနဲ့စပစ်တယ်၊ တောက်လျှောက်လက်နက်ကြီးတွေနဲ့ပစ်ပြီး တိုက်ပွဲနည်းနည်းကြာလာတော့ ကျနော်တို့ရွာကို ဝင်စီးပစ်တာ။ ပျူ အထီးရော အမရော အရှင်မိတာချည်းဘဲ ၅၀ ကျော်ရတယ်” မြိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်လယ်ျာက

ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ရင်း၁အဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာ ကွယ်ရေးအဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၅ နာရီကျော်အတွင်းမှာ ကျည်၊ခဲယမ်းမျိုး ၁၇၀၀၀ ထက်မနည်းအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။

အရှင်မိထားတဲ့ ပျုစောထီးတွေကိုတော့ပြည်သူဘက်တော်သားတွေအဖြစ် သစ္စာရှိစွာရပ်တည်ပေးမယ်ဆိုရင် အသက်ကိုစောင့်ရှောက်မှုပေးမှာဖြစ်ပြီးစစ်ကောင်စီ ဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံဂတိများပြုလုပ်ထားရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

#AyeyarwaddyTimes