ဒေါင်းလုလင်-LPDFမှ အကွာအဝေး ၁ မိုင်ခွဲအထိ ပစ်ခတ်နိုင်သည့် ရှော့တိုက်ဒုံးများ ထုတ်လုပ်

ဧရာဝတီတိုင်းမ်

(ယင်းမာပင်)၊ အောက်တိုဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အခြေစိုက် ဒေါင်းလု လင်-LPDFအဖွဲ့မှ တာဝေးပစ်ရှော့တိုက်ဒုံးအမျိုးအစားအသစ်များနှင့် HPM-01လက်လုပ်လောင်စာရှော့တိုက်ဒုံးများကို နေ့စဉ်နှင့်အမျှဆက်လက်ထုတ်လုပ်နေကြောင်း ထုတ်ပြန်ပြောဆိုထားပါသည်။

တာဝေးပစ်ရှော့တိုက်ဒုံးအမျိုးအစားအသစ်ကို စက်တင် ဘာလ ၃၀ ရက်နေ့၌ ထုတ်လုပ်အောင်မြင်ခဲ့ပြီး အကွာအဝေးအနေဖြင့် ၁ မိုင်ခွဲအထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့အမျိုးသားညီ ညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မရောက်သေးတဲ့မဟာမိတ်ညီနောင်တွေအနေနဲ့လည်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့အမြန်ဆုံးချိတ်ဆက်ပြီး ဆက်လက်လှုပ်ရှားကြဖို့ တိုက်တွန်းလိုပါတယ်။ဒါမှလည်းတော်လှန်ရေးကမြန်မြန်အောင်နိုင်မှာပါ” ဟု ဒေါင်းလုလင်LPDFအဖွဲ့ တာဝန်ခံမှ

ဧရာဝတီတိုင်းမ်ကို ပြောပါသည်။

ဆက်လက်ပီး ဒေါင်းလုလင်အဖွဲ့အနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များကို စဉ်ဆက်မပြတ်ထုတ်လုပ်နေသော်လည်း ထုတ်လုပ်ရာတွင် ပစ္စည်းလုံလောက်မှုမရှိခြင်း၊ကုန်ကြမ်းအခက်ခဲများရှိခြင်းကြောင့် ပြည်သူများအနေဖြင့်တတ်နိုင် သမျှပါဝင်လှူဒါန်းစေ‌လိုကြောင်း တိုက်တွန်းပြောဆို ထားပါသည်။

ဓာတ်ပုံ – ဒေါင်းလုလင်

#AyeyarwaddyTimes