ပုသိမ်မြို့ရှိ စစ်တပ်ပိုင် Mytel ရုံး၌ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ရုံးမှာ ဒီကနေ့ (အောက်တိုဘာလ ၂ ရက်)နေ့ ည ၈ နာရီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“ဗုံးသံကတော့ တော်တော်ကျယ်တယ်။ မန်ယူပွဲလာနေတဲ့အချိန်မှာ ပေါက်တာ။ ရုံးမှာပေါက်တာလား ရုံးဘေးမှာပေါက်တာလားတော့ သွားမကြည့်ရဲလို့ မသိဘူး။ အဲ့ရုံးမှာ ပေါက်တာတော့ သေချာတယ်။ ထိခိုက်တဲ့လူရှိမရှိတော့ မသိရဘူး”လို့ ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေရောက်ရှိနေပြီး လမ်းပိတ်ထားကာ သွားလာနေသူတွေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#ပုသိမ် #Mytel #ဗုံးပေါက်ကွဲ

#Ayeyarwaddy_Times