ပျောက်ဆုံးနေသော မိုးဗြဲ PDF ရဲဘော် (၃)ဦး၏ ရုပ်အလောင်းများအား ၃၅ ပေအနက်ရှိ ရေတွင်းထဲမှ ခက်ခက်ခဲခဲ ဆည်ယူခဲ့ရ(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့အခြေစိုက် မိုးဗြဲ PDF လင်းယုန်တပ်ခွဲမှ ရဲဘော် (၂)ဦး နှင့် သိန်းငှက်တပ်ခွဲမှ ရဲဘော်(၁)ဦးတို့မှာ စက်တင်ဘာလ ၂၃ ရက်နေ့က လွယ်ယင်းမင်္ဂလာကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ပစ်ခတ်မှုအတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း MBPDF က သတင်းထုတ်ပြန်ထားသည်။
သေဆုံးရဲဘော်ရုပ်လောင်းများအား ပြန်လည်စစ်ဆေးချက်အရ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မူကြောင့် ရဲဘော်(၂) ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်ရဲဘော်တစ်ဦးမှာ ညာဘက်ခြမ်း ပေါင်သားတွင် သေနတ်ကျည်ထိမှန်ကာ လုပ်ရှား၍မရသည့်အနေထားကြောင့် မသေမချင်း ရက်စက်စွာပြုမူခဲ့မှုများအား ခံစားရပြီးမှ သေဆုံးခဲ့ရသည်ဟုယူဆရကြောင်း MBPDF က
ရေးသားထုတ်ပြန်ထားသည်။
ထို့အပြင် သေဆုံးပြီးသော ရုပ်အလောင်းများအား ပေ(၃၅)အနက်ရှိသည့် ရေတွင်းထဲတွင် ပစ်ချကာ အခြားသော အဝတ်အစားများနှင့် ငှက်ပျောပင်များဖြင့် ဖုံးပိအောင် အဆင့်ဆင့်ပစ်ချပြီး အလောင်းဖျောက်ထားခဲ့သည့်အတွက်ကြောင့် MBPDF လင်းယုန်တပ်ခွဲရဲဘော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုတို့မှာ စွန့်စွန့်စားစား ခက်ခက်ခဲခဲဖြင့် ရုပ်အလောင်းများအား
ပြန်လည်ဆည်ယူနိုင်ခဲ့ကာ ကောင်းမွန်စွာ သဂြိုဟ်မြုပ်နှံနိုင်ခဲ့ကြောင်း MBPDF က ရေးသားဖော်ပြထားသည်။
ရုပ်သံ – MBPDF
#မိုးဗြဲ #PDF #ရုပ်အလောင်း #ရေတွင်း
#Ayeyarwaddy_Times