ချင်းတွင်းမြစ်မှ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၂ စင်းတိုက်ခိုက်ခံရပြီး မင်းရွာမှာတပ်ဆွဲထားသည့် စစ်ကောင်စီတပ်တွေကို ယင်းမာပင်ခရိုင်ပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက် (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မင်းရွာမှာ

တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ယနေ့စက်တင်ဘာလ ၃၀ ရက် မနက် ၉ နာရီတွင် သင်္ဘော၂ စီးနှင့်ချင်းတွင်းမြစ်မှ ဆန်တက်လာပြီး ကမ်းဘေးများကိုလည်း ရမ်းသမ်းပစ်ခတ်ခဲ့လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ တပ်ခွဲ ၂ One Star Task Forceအဖွဲ့နဲ့အတူ မဟာမိတ်တပ်ဖွဲ့များနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲသည် စက်တင်ဘာလ ၂၇ နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှူများရှိနိုင်တယ် လို့ ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“ကျွန်တော်တို့ လက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေဘက်က သေဆုံးစာရင်းကိုတော့ ဆက်လက်ပီး အတည်ပြုနေဆဲပါ” လို့ ဗိုလ်အောက်ဆွဲက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို့ပြင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးစာရင်းကို အတည်ပြုနေဆဲဖြစ်ပြီး

ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF ရဲဘော်များထံကသိရသည်။

ရုပ်သံ-ဗိုလ်အောက်ဆွဲ ပေးပို့

Ayeyarwaddy