လွိုင်ကော်လေဆိပ်မှာ စစ်ကောင်စီရဲ့MNA လေကြောင်းလိုင်းက ခရီးသည်တင်လေယာဥ်ပစ်ခတ်ခံရပြီး အမျိုး သား ၁ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းမ်

(လွိုင်ကော်)၊ စက်တင်ဘာလ ၃၀ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ ခရီးသည်တင်လေယာဥ် ၁ စီး စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာ လက်နက်ငယ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လွိုင်ကော်ကို ဒီနေ့မနက်အစောပိုင်းက ပျံသန်းလာတဲ့ စစ်ကောင်စီပိုင် မြန်မာအမျိုးသားလေ ကြောင်းလိုင်း MNA ရဲ့ လေယာဥ် ART-72 လေယာဥ်အမှတ် XY-AML ဟာ လွိုင်ကော်လေဆိပ်ကိုရောက်ရှိဆင်းသက်စဥ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လေယာဥ်ပေါ်ပါတဲ့ ခရီးသည်အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

” လွိုင်ကော်လေဆိပ်အဆင်းမှာပစ်ခံရတာ၊ ဒီ ဧက ၅၀၀ ရပ်ကွက်က အမျိုးသားတယောက် ပါးကိုထိသွားတယ်။ လွိုင်ကော်ဆေးရုံကြီးကိုပို့လိုက်တယ်လို့သိရတယ်” လို့ ဒေသခံအမျိုးသမီးတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရန်ကုန်ကနေလွိုင်ကော်ကို စစ်ကောင်စီလက်အောက်က မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နဲ့ KBZ လုပ် ငန်းစုပိုင် Air KBZ လေကြောင်းလိုင်းတွေအပါအဝင် အခြားလေကြောင်းလိုင်းတချို့လည်း ပြေးဆွဲပျံသန်းနေတယ်လို့လည်းသိရပါတယ်။

ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တာဆိုတာကိုတော့မသိရသေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။

#လွိုင်ကော် #လေယာဥ် #ပစ်ခတ်ခံရ #AyeyarwaddyTimes