မြောက်ကိုရီးယားက တာတိုဒုံးကျည်တွေ ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယားကို ကာကွယ်ပေးမယ်လို့ အမေရိကန် ကတိပြု

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၃၀ ရက်

အမေရိကန်နိုင်ငံက တောင်ကိုရီးယားနဲ့ဂျပန်ကို ကာကွယ်ပေးမယ်လို့ မြောက်ကိုရီးယားနိုင်ငံက စက် တင်ဘာလ ၂၉ ရက်မှာ အရှေ့ပင်လယ်အတွင်းသို့ တာတိုဒုံးကျည်နှစ်စင်း ပစ်လွှတ်ပြီး နာရီအနည်းငယ်အကြာမှာ ကတိပြုလိုက်ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက တာတိုဒုံးကျည်နှစ်စင်း ပစ်လွှတ်တာကို ကျွန်တော်တို့ သတိထားမိပြီး မဟာ မိတ်တွေ၊ မိတ်ဖက်တွေနဲ့ အနီးကပ် ဆွေးနွေးနေပါတယ်” လို့ အမေရိကန်စစ်တပ် အာရှ-ပစိဖိတ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“တာတိုဒုံးကျည်ပစ်လွှတ်မှုက အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် ပိုင်နက်နယ်မြေကို ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေမယ့် မြောက်ကိုရီးယားရဲ့ အစုလိုက်အပြုံလိုက် သေစေနိုင်သောလက်နက်နဲ့ ဒုံးကျည်အစီအစဉ်ရဲ့ မတည်မငြိမ်စေတဲ့ အကျိုးသက်ရောက်မှုဆိုတာ ပြသနေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တစ်ပတ်အတွင်း ဒုံးကျည်သုံးကြိမ် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီး ယားနိုင်ငံက ဒီနှစ်အတွင်း ဒုံးကျည်အစင်း ၃၀ ကျော် ပစ်လွှတ်ခဲ့တာကြောင့် တစ်နှစ်တာအတွင်း ဒုံးကျည်အများ ဆုံး ပစ်လွှတ်မှု ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တာတိုဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချပေမယ့် ပြုံယမ်းနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထား တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဟာ ဒေသတွင်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဆို တာ ပြသနေပါတယ်” လို့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲလ်က ပြောပါတယ်။

အမေရိကန်ဒုတိယသမ္မတ ကာမဲလာဟားရစ်က တောင်ကိုရီးယားခရီးစဉ် ပြီးဆုံးချိန်မှာ မြောက်ကိုရီး ယားနိုင်ငံက တာတိုဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်မြို့တော်မှာ တောင်ကိုရီးယားသမ္မတ ယိုဆတ်ယိုနဲ့ တွေ့ဆုံစဉ်မှာ ကာမဲလာဟားရစ်က အမေရိ ကန်နိုင်ငံရဲ့ တောင်ကိုရီးယားကို ကာကွယ်ပေးမယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ကိုးကား – Yonhap

U.S. reaffirms commitment to defense of S. Korea after N. Korean missile launch