
မြောက်ဒဂုံက ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး ဌေးအောင်ပစ်ခတ်ခံရပြီးသေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ ၃၂ ရပ် ကွက်တွင် စက်တင်ဘာလ ၂၉ ရက် ယနေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်က ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး ဌေးအောင်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
၃၂ ရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် သွားလာနေစဥ် လက်ဝဲသုန္ဒရလမ်းအရောက်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ လူတစ်စုမှ လိုက်လံပစ်ခတ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့က ဒလန်တွေဆိုတာတော့သိတယ်။ သူနာမည်ကဌေးအောင် ၊ အောင်အောင်လို့လူသိများတယ်။ အဖမ်း အဆီးတွေ၊ ဧည့်စာရင်းစစ်တဲ့အခါတွေမှာလည်းပါတယ်။ ခုလိုပဲ ဆိုင်ကယ်နဲ့လှည့်ပြီး သတင်းယူနေကြ။ စစ်တပ်က အာ ဏာပေးထားတော့ စောင့်ကြွားကြွားနဲ့ပေါ့ဗျာ”ဟု ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး ဌေး အောင်မှာ ရင်ဘတ်ထိမှန်ဒဏ်ရာရရှိပြီး ဆေးရုံသို့ပို့ဆောင်ရာ လမ်းတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းကလည်း တောင်ဒဂုံ ၂၅ ရပ်ကွက် တွင် ရာအိမ်မှူး ဇော်မင်းထွန်းနှင့် ထွေအုပ် သတင်းပေး နွယ်နီလှိုင်တို့နှစ်ဦးပစ်ခတ်ခံရပြီး၊ ယမန်နေ့ ညပိုင်းကလည်း သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးလည်းပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။
#မြောက်ဥက္ကလာ #ရာအိမ်မှူး #ပျူစောထီး #ပစ်ခတ်ခံရ #AyeyarwaddyTimes